ဓနုဖြူမြို့နယ်တွင် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနား ကျင်းပ

ဓနုဖြူ          ဒီဇင်ဘာ     

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထက() ဓနုဖြူ တေဇခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို  ယနေ့၊ ဒီဇင်ဘာလ ရက်နေ့၊ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် က() ဓနုဖြူမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုမှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ဇော်လင်းမှအားကစားဆိုင်ရာအသိပညာပေး ဟောပြော ခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားမှူးမှ ကျောင်းအုပ်ဆရာမကြီးထံသို့ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ပြီး ရိုးရာခြင်းလုံးအလှခတ်အားကစားနည်းဖြင့် သရုပ်ပြခြင်း၊ Myanmar Fitness Dance အကဖြင့် သရုပ်ပြခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့်စုပေါင်း၍ အကြောလျော့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ  သိရသည်။

မြို့နယ်(ပြန်/ဆက်)