ရန်ကုန် ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်က ကြီးမှူးကျင်းပသော အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးလူငယ်၊ လူရွယ်များအိမ်တွင်းမှု အတတ်ပညာ များ ကျွမ်းကျင်စွာ တတ်မြောက်ပြီး မိမိတို့ကိုယ်တိုင်အိမ်တွင်းမှု လုပ်ငန်းများကို တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟီုဌာန(ဗဟန်း) Community Centre ၌ ကျင်းပရာ၌မြို့နယ်အတွင်းရှိ စိတ်ဝင်စားသူ အမျိုးသမီးငယ်များအား သင်ကြားပေးလျက်ရှိသည်။
အဆိုပါအိမ်တွင်းမှုလက်မှုပညာ သင်တန်းများကို ပြည်သူ့စာကြည့်တိုက် Page ကနေတင်ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗဟုသုတရဖွယ်အိမ်တွင်းလက်မှုပညာ သင်တန်းများကိုလည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ စာကြည့်တိုက် Page တွင် ဆင်လက်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်မြင့်