လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ် (၂၀) ရပ်ကွက် စည်ပင်သာယာဈေးများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အောင်မင်္ဂလာစျေးနှင့် ပင်လုံစျေးများတွင် ဈေးဝယ်သူများ စည်ကားလျက်ရှိပြီး ဈေးဝယ်သူ များအတွက် အသား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြားဝယ်ယူလိုသည့် ပစ္စည်းများကို ညနေ (၅)နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့်အတွက် ပြည်သူများ အခက်အခဲမရှိ လွယ်ကူစွာ ဝယ်ယူ လျက်ရှိကြောင်း သိရသည်။
ဝေဝေ(ပြန်/ဆက်)