လိပ်သို ဒီဇင်ဘာ ၁၀
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူ သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်း များက မာဒေးကျေးရွာသို့ သွားရောက်၍အသိပညာပေး လှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ကျေးရွာနေ ပြည်သူများ အနေဖြင့် ယခု အချိန်တွင် ကိုဗစ်၁၉ မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက် ပျံ့နှံ့မှုများ ပိုမိုများပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရေး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ အရာ၀တ္တုတစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာ ဖြင့် စနစ်တကျဆေးရန်၊ အကယ်၍မိမိတို့ရောဂါ ပိုးကူးစက်သည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ် ရေးလုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေး ကြရန် စသည့် အချက်များကို မြို့ပေါ်/ရပ်ကွက်နေ ပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)