လှိုင်းဘွဲမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်အားကစားပစ္စည်းများအား ‌ထောက်ပံ့ပေးအပ်

လှိုင်းဘွဲ  ဒီဇင်ဘာလ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် အားကစားနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အာ/ကာမှူး ဒေါ်မိနန္ဒာမွန်က နေ့စဉ်အားကစားပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း၊ ဉာဏ်သွေးဉာဏ်သွေးထက်မြက် လာခြင်း၊ ကိုယ်ခံအား ကောင်းမွန်လာခြင်း၊ ခန္ဓာကိုယ်ကြွက်သားများ သန်မာလာခြင်း စသည့် အားကစားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား/သူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)