သီပေါမြို့နယ်တွင် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်

သီပေါ     ဒီဇင်ဘာ      ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လုပ်ငန်းစဉ် အမှတ် (၅) အရ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲ တွင် အသုံးပြုမည့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုထားရှိရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် အဓိက  ပူးပေါင်းဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့အပြင် အခြားဌာနဆိုင်ရာ အသီးသီးမှလည်း လူဦးရေစာရင်းများ ကြိုတင်ပြုစု ရာတွင် ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)