တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၂၁-၂၀၂၂ (ပ) ၆လ ဘဏ္ဍာရေးနှစ်တွင်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာ(၆)ရွာ၊ ငွေကျပ်သန်း(၆၀)ကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကော်မတီများ ထံသို့ အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ခိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်မှ တက်ရောက်လာသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များအား၊ ကျေးရွာအတွင်း ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)