မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော် စျေးရှေ့တွင် မီးဘေးပညာပေးပိုစတာ စိုက်ထူ

အင်္ဂပူ  ဒီဇင်ဘာ ၉

ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော် စျေးရှေ့တွင် ယနေ့နံနက်ပိုင်းက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန မှ မီးဘေးပညာပေးပိုစတာ စိုက်ထူခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မီးဘေးပညာပေးပိုစတာ ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာရေများပက်ဖျန်းပေးခဲ့သည်။အသိပညာပေး ပိုစတာတွင် ပြည်သူများ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် အချက်များအား ထည့်သွင်းဖော်ပြထားရှိကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့ နှင့်ဝန်ထမ်းများ၊ မဲဇလီကုန်း မြို့အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မန်းကျော်