မောက်မယ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် ရပ်ကွက်အတွင်း မြို့တွင်း၄၀၀ဗို့ ဓါတ်အားကြိုးလိုင်းများကို ယနေ့နံနက်၈နာရီခွဲကစတင်ပြီး လှဲလှယ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဓါတ်အားကြိုးလိုင်းများ လှဲလှယ်ရခြင်းမှာ ယခင်အသုံးပြုသော ဓါတ်အားလိုင်းကြိုးများမှာ ဆိုက်မပြည့်မီသောကြောင့် ဓါတ်အားသုံးစွဲလုံလောက်မှုမရှိသဖြင့် စျေးတန်းရပ်ကွက်နှင့် ကွန်ကျိုင်းရပ်ကွက်အတွင်း မြို့တွင်း၄၀၀ဗို့ဓါတ်အားကြိုးလိုင်းများ လျှပ်စစ်ဓါတ်အားပြည့်မှီ အောင် အစားထိုး ဖြည့်စွက်လုပ်ငန်းဖြင့်ဆောင်ရွက်ရကြောင်း မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဝန်ထမ်းများထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)