သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

သပိတ်ကျင်း  ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများမှ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် နိုဝင်ဘာ (၁၅)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈) အမှတ် (၂၂)တွင် ပါရှိသည့် စာရေးဆရာ မင်းသန်းနိုင်ရေးသားသော မြန်မာ့ဓလေ့ မြန်မာ့ပုံရိပ်ကို ဖော်ကြူးသည့် တန်ဆောင်မုန်းလနှင့် အလှူကထိန်ပွဲ၊ စာရေးဆရာအောင်ဆန်း(စိုက်ပျိုးရေး) ရေးသားသည့် သီးနှံများ အရည်အသွင်းကျဆင်းစေရန် လွှမ်းမိုးနေသည့် အချက်များအားဖယ်ရှားရန် စီမံခြင်းများ ပါဝင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်အသိပညာ များကို ဝန်ထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှု့သည့်အလေ့ကောင်းများရရှိရေး၊ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်နှီးမှုရရှိစေ ရေး အတွက် ရည်ရွယ်လျက် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)