ပုံပါကျင် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနှင့်ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ယနေ့နံနက် ၁၁ နာရီက နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီး မှူးနှင့် ဝန်ထမ်းများက သုတ/ရသ စာအုပ်ပေါင်း (၁၅၀) ကိုယူဆောင်၍ ပုံပါကျင် အထက ကျောင်းနှင့်အမှတ် (၂)ရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပုံပါကျင် မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေး ငယ်များအတွက် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာ ပေး Talk Show အစီအစဉ်များ ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ် အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)