ကျောက်ဆည်မြို့နယ် လက်ပန်ပင်ကျေးရွာတွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး

ကျောက်ဆည်  ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါ ပိုးကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက လက်ပန်ပင်ကျေးရွာသို့ကွင်းဆင်းပြီး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းများ နှိုးဆော်ခဲ့ ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်း ကူးစက်မှုမရှိစေရေးအတွက် ပြည်သူများ နေအိမ်တွင်သာ နေထိုင်ကြရန်၊  ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့က လည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါ က ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ ၊လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါ ပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသ မှုခံယူကြရန်၊  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အသိပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ဆေးများ ထိုးနှံပေး ခြင်း၊ သံသယရှိသူများအား Test Kit ဖြင့် စစ်ဆေးပေးခြင့်၊ ရောဂါပိုးကူးစက်ခံရသူများအား ထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)