ပွင့်ဖြူ ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်မီး အသုံးပြုရာတွင် အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ဓာတ်အားချွေတာစွာ အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရေး အတွက် ယနေ့ နံနက်ပိုင်းက အများပြည်သူ သိရှိလေ့လာနိုင်ရန် မြို့နယ်ရုံးရှေ့တွင် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပြသဆောင်ရွက်ထားရှိကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်တွင် ပွင့်လင်းရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် လိုက်နာရမည့် အချက်များ၊ ဓာတ်ပြတ်တောက်မှု လျော့နည်းကျဆင်းရေး ဓာတ်အားချွေတာသုံးစွဲရမည့်နည်းလမ်း၊ ဓာတ်အားချွေတာသုံးစွဲဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လျှပ်စစ်မီးအားပေါ့ဆစွာ ကိုင်တွယ်အသုံးပြုခြင်းကြောင့် ကြုံတွေ့ရမည့် ဆိုးကျိုးများ ပါဝင်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက အသိပညာပေးဆိုင်းဘုတ် ပြသဆောင်ရွက်ထားရှိမှုအား ဒေသခံ ပြည်သူများနှင့် ခရီးသွား ပြည်သူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုကြပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက အသိပညာပေးဆိုင်းဘုတ်တွင် ပြသဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ဟောပြော ခဲ့ကြောင်း သိရကာ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှုနိုင်ရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပေး နှိုးဆော် ထားရှိကြောင်းလည်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)