ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ ရုံးတွင်းနံရံကပ်ဘုတ်ပြသ

မြဝတီ ဒီဇင်ဘာ ၁၀

 ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြ ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ယနေ့မွန်လွဲ ၁နာရီ အချိန်က စတင်၍ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါနံရံကပ်ပြဘုတ်တွင်   ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသောကလေးအလုပ်သမားများ၊ ပါဝင်ပတ်သက်သူ များ၏ တုံ့ပြန်ချက်၊ကလေးအလုပ်သမားအဓိပ္ပါယ်ဖွင့်ဆိုချက်၊ သက်ဆိုင်ရာအလုပ်သမား ဥပဒေများ တွင် အလုပ်လုပ်ရန် အနိမ့်ဆုံးအသက်(၁၄)နှစ်ရှိရန်၊ကလေးသူငယ်များ၏ အခွင့်အရေးကို အသိ အမှတ်ပြုကာ ၎င်းတို့အပေါ် ခေါင်းပုံဖြတ်မှုနှင့် ပညာရေး၊ ကျန်းမာရေး၊ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ကိုယ်ကျင့် တရားပိုင်းနှင့်လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်နစ်နာစေသည့် အန္တရာယ်ရှိသော အလုပ်များမှ အကာအကွယ်ပေးရန် စသည့်အကြောင်း အရာများ ပြသထားကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)