မရမ်းကုန်း ဒီဇင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက် (၁၀) ရပ်ကွက်တွင် ယမန်နေ့ည (၇)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး သိကောင်းစရာများနှင့် သတ်မှတ်အုပ်စုများ ကာကွယ်ဆေးလာရောက်ထိုးနှံရေး အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့သည်။
ထို့သို့ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် လက်ကို စနစ်တကျ ဆေးကြောရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းဖြစ်ပေါ်ပါကကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက် ကုသကြရန် စသည်ဖြင့် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးသူမကျန်ရှိစေရေးလှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။