နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး  ဒီဇင်ဘာ  ၁၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး5Doseထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ်အထက်၊(၁၆၀)ဦးအားထိုးနှံပေးပြီးစုစုပေါင်း(၄၁၃၅၉ ) ဦး အားအဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။              

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ကျေးရွာများရှိပြည်သူများကိုလည်းသတ် မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သန်းအောင်ဇော်