ဟိုပန် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်"ပန်းခင်း" စီမံ ချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်အား ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက လူစည် ကားရာနေရာဖြစ်သည့် ဟိုပန်မြို့မစျေးကြီးတွင် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေ အရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဉီးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး "ပန်းခင်း"စီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရန်အတွက် ပြည်သူများမှကူညီပေးရမည့် အချက် အလက်များ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)