ပန်းတောင်းမြို့နယ် တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်

ပန်းတောင်း ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖူးကျေးရွာအုပ်စုဘင်္ဂကျေးရွာတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ရန်ပုံငွေများပေးအပ်ရာတွင် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျောက်ဖူးကျေးရွာအုပ်စု၊ ဘင်္ဂကျေးရွာ တွင် ၂၀၂၁-၂၀၂၂ခု (၆)လ ဘတ်ဂျက်၌ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၃) ဦးအား(၂၃၆)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁၂)ဦးအား (၃၇)သိန်း၊‌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၈)ဦး(၂၄)သိန်း၊စုစုပေါင်း စီမံကိန်းချေးငွေ(၂၉၇) သိန်းအားအသင်းသား(၁၀၃)ဦး ထံ‌လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး