ပျော်ဘွယ် ဒီဇင်ဘာ ၁၁
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ)တို့ပူးပေါင်း၍ အခြေခံ ပညာ အထက်တန်း အဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲဝင် နဝမတန်းကျောင်းသူတစ်ဦးက “ကျွန်မအနေနဲ့ ယခုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့လာမှု တွေ ပြုလုပ်ခဲ့ပါတယ်ရှင့်၊ ဆရာ၊ ဆရာမတွေကလည်း သင်ကြားပြသပေးပါတယ်၊ ကျွန်မမိဘတွေကလည်း ကူညီပံ့ပိုး မှုတွေပေးပါတယ်၊ ဒါကြောင့် ကျွန်မအနေနဲ့ အကောင်းဆုံးဖြေဆိုနိုင်မယ်လို့ထင်ပါတယ်ရှင်”ဟုရှင်းပြသည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ(၁၇)ရက်နေ့၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်မည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)