ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကြို့ပင်ကောက် ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းတင်ကျေးရွာ အမကကျောင်းသို့ ယနေ့ နံနက်ပိုင်းကသွားရောက်ပြီး ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွား လာစေရေး အတွက် အသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဗီဇပြောင်း အိုမီခရွန် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား ကျောင်းသူ များကာကွယ်ဆေးထိုးနှံရေးတို့ကို ကလေးငယ်များစိတ်ဝင်စားစေမည့် ကာတွန်းပုံများ ဆောင်ရန်ရှောင်ရန် နည်းလမ်းများကိုပြသပြီး ကလေးငယ်များနားလည်စေရန် မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်ဝင်းလေးမှ ရှင်းလင်း ပြောကြား ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် အမက(ပန်းတင်)ကျောင်းမှအပြန် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များကို Hand Speaker ဖြင့်အသိပညာပေးလှုံ့ဆော်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)