သတင်းများ

ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်သည်။
ချောက်မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇ​ပြောင်း​ရောဂါပိုး အိုမီခရွန်ကြိုတင်ကာကွယ်​ရေးအသိ​ပညာပေးနှိုး​ဆော်
Dec 15,2021
ချောက်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများက ယမန်နေ့ည​၇နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ အသံချဲ့စက်များ အသုံးပြုကာ လိုက်လံနှိုးဆော်လျက်ရှိသည်။
လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား(ပထမ)အကြိမ်ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ ဆေးထိုးစုရပ်(၁၀)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm) phase-5 ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြင်းမူမြို့တွင် ဒေသထွက်ဝါများအား ပုံမှန်ဝယ်ယူလျက်ရှိပြီးဈေးအနည်းငယ်မြင့်တက်
Dec 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက(၁၉၅၃၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယမန်နှစ်ထက်ဝါမျိုးစုံ (၁၅)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါဝါများကောက်ယူရရှိပြီး ရောင်းချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကသိရှိရသည်။
သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 15,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မက်မန်းမြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဘူးသီးတောင်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌(၄၇)နှစ် မြောက်၊ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
လက်ပံတန်းမြို့နယ်ရှိ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။