(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဘူးသီးတောင်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

ဘူးသီးတောင်    ဒီဇင်ဘာ    ၁၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌(၄၇)နှစ် မြောက်၊ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၁ခုနှစ်၊ (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား ဘူးသီးတောင်မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး ကဖတ်ကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိ သူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီ ဘော၊ ခေါင်းအုန်းရိုက်၊ ချောတိုင်၊ လွန်ဆွဲ၊ကင်းမြီး ကောက်၊ မုန့်ကိုက်၊ ပူစီပေါင်းဖောက်၊ မီတာ (၁၀၀)၊ ဂုန်နီ အိတ်စွပ်၊ အပ်ခြေထိုး၊ ကွမ်းသီးကောက်၊ ခြေပူး၊ ရေအိုးခေါင်းရွက် စသည့်ပြိုင်ပွဲများ ပါဝင်သည့် ပြိုင်ပွဲ(၁၅) မျိုးကို ဘူးသီးတောင်မြို့ မြို့မအားကစားကွင်းတွင် ကျင့်ပလျှက်ရှိပြီး ညနေပိုင်းတွင် ဆုရရှိသူများအားဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

လှကျော်(ပြန်/ဆက်)