သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Dec 15,2021
၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “C” လိုင်စင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် က မုံရွာမြို့၊ ပြည်သူအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကျိုက်ထိုမြို့နယ် Community Centre တွင် ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 15,2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသော “ပန်းလိုချင် အပင်ပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအား(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် အခြေခံပညာကျောင်းရှိ အသက်(၁၂) နှစ် အထက် ကျောင်းသား/သူများအား (ဒုတိယ)အကြိမ် ဒီဇင်ဘာ(၁၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့အတွင်း ဈေးဆိုင်ရောင်းချနေပြည်သူများ (Sinopharm) ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ လက်မှတ်များအား ကွင်းဆင်းစစ်ဆေး
Dec 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့အတွင်းရှိ ဈေးဆိုင်ရောင်းချနေသော ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်း (၃)နာရီအချိန်ခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းအား ကွင်းဆင်းသရုပ်ပြသ
Dec 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဒေသခံပြည်သူများအား EM ဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းအား စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု ဝမ်လန်းကျေးရွာရှိ တောင်သူ ဦးအိုက်အင်၏ လယ်မြေအတွင်း ကွင်းဆင်းသရုပ်ပြသခဲ့သည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Dec 15,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ် အထိမ်းအမှတ်အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စာဖတ်ခြင်း" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃)နာရီအချိန် က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။