ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဖျာပုံ   ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်သည်။

အဆိုပါ စာဖတ်ဝိုင်း ပြုလုပ်ရာတွင် စာရေးဆရာ မြင့်စိုးလှိုင် ရေးသားသည့် “ပထမတန်းစား လူ စာအုပ်မှ လူတိုင်းမှာ အလားအလာရှိတယ် ဆောင်းပါးအား ဖျာပုံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ( Book Club ) အဖွဲ့ဝင် ဦးအောင်သက်ထွေးမှ ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေးနွေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)