လက်ပံတန်းမြို့နယ်ရှိ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း

လက်ပံတန်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

လက်ပံတန်းမြို့နယ် စိန်တုံးကျေးရွာရှိ တောင်သူဦးဟန်ဌေးနှင့် တောင်သူဦးဉာဏ်သောင်း တို့၏ စိုက်ခင်းများအား ကြည့်ရှုခဲ့သည်၊၊ နေကြာသီးညှပ် စိုက်ပျိုးမှုများနှင့် ပတ်သက်၍   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ကျေးရွာ အုပ်စု(၁၈) အုပ်စု တွင်ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ်ဧက (၄၀၀) စိုက်ပျိုးထားရှိပြီး  အောင်မြင်ဖြစ်ထွန်း လျက် ရှိပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဝင့်နန္ဒာဌေး