ချောက် ဒီဇင်ဘာ ၁၅
ချောက်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများက ယမန်နေ့ည၇နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ အသံချဲ့စက်များ အသုံးပြုကာ လိုက်လံနှိုးဆော်လျက်ရှိသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင်ပြည်သူများ အနေဖြင့်ကိုဗစ်-၁၉ရောဂါပိုးမျိုးကွဲ ဗီဇပြောင်းအိုမီခရွန် ရောဂါပိုး သည်မိမိတို့နိုင်ငံတွင်မဖြစ်သေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ် လျက်ရှိသဖြင့် မိမိတို့မြို့ရွာအတွင်းမဖြစ်ပွားမီကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်ပူးပေါင်း ကာကွယ်နိုင် ရန်ကိုဗစ်-၁၉ကာကွယ်ဆေးအား အကြိမ်အပြည့်အဝထိုးနှံထားကြရန်၊ ပြည်သူများ အနေဖြင့်လူစု လူဝေး ရှောင်ကြရန်၊ အပြင်ထွက်တိုင်းပါးစပ်ပိတ်နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အပြင်မှ ပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့်စနစ်တကျစက္ကန့်၂၀ကြာအောင် ဆေးကြောရန်၊ ကိုဗစ်ရောဂါပိုးကူးစက် ပြန့်ပွားမှုလျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကိုလှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)