လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား(ပထမ)အကြိမ်ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

လေးမျက်နှာ  ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား  ယနေ့နံနက်()နာရီ အချိန်မှစ၍   ဆေးထိုးစုရပ်(၁၀)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm) phase-5 ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး မြတ်စေတနာ(အခမဲ့)ဆေးပေးခန်း ဆေးထိုးစုရပ်၊ ခမောက်စုဆေးပေးခန်း ဆေးထိုးစုရပ်၊ လဟာကြီးဆေးပေးခန်း ဆေးထိုးစုရပ်၊ ပိန်းအင်း ဆေးပေးခန်း ဆေးထိုးစုရပ်၊ ဝါးရုံချောင်းဆေးပေးခန်း ဆေးထိုးစုရပ်၊ လက်သမားမြန်မာ ဆေးပေးခန်း ဆေးထိုးစုရပ်၊ သခွတ်ချောင်းဆေးပေးခန်း ဆေးထိုးစုရပ်၊ ကတက်ကုန်း ဆေးပေးခန်း ဆေးထိုးစုရပ်၊ သဲနုကုန်းဆေးပေးခန်း ဆေးထိုးစုရပ်၊ ခတ္တူဆေးပေးခန်း ဆေးထိုးစုရပ် စုစုပေါင်းဆေးထိုးစုရပ် (၁၀)ခုတွင် ခန့်မှန်းဦးရေ (၃၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား (ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင်  ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူ များအား  ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ဖြစ်ပေါ်လျှင်  ချက်ချင်းကုသပေးနိုင်ရေးအတွက်  ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရ သည်။

ကျော်ဟိန်း