မက်မန်းမြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မက်မန်း    ဒီဇင်ဘာ    ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မက်မန်းမြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းညီညီထွန်းနှင့် ခရိုင်မြို့နယ် ဝန်ထမ်းများက ပန်းခင်းစီမံချက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ၁၈ လတာ ကာလအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး (IPRD)