ကျောက်ဆည်မြို့တွင် မိုးစပါး (၂၄၂၈၁) ဧက ရိတ်သိမ်းပြီးဖြစ်
Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် (၂၀၂၁-၂၀၂၂)၊ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၂၇၉၉) ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ရိတ်သိမ်းပြီး မိုးစပါး ဧကပေါင်း (၂၄၂၈၁) ဧက ရိတ်သိမ်းပြီးကြောင်းနှင့် စပါးတင်းပေါင်း (၂၂၆၅၈၃၂) တင်း ထွက်ရှိကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။