ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာ ဦးစီးဌာတို့ ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို လွတ်လပ်ရေးနေ့နှင့် လူငယ်တာဝန်ခေါင်းစဉ်ဖြင့် ရမည်းသင်းမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) မြို့မ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူ များအား ဒီဇင်ဘာ(၂၀)ရက်နေ့တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်