မိုင်းယောင်းမြို့တွင် အရသာထူးကဲသော မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေ ဝယ်ယူစားသုံးသူ များပြား

မိုင်းယောင်း  ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရသာထူးကဲသော မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေများကို ဆောင်းရာသီကာလတွင် ဝယ်ယူစားသုံးသူ များပြားနေတာကြောင့် မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေ ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေနေကြကြောင်း သိရသည်။

မုန့်ခွက်ကြွက်လေးဟာ ကောက်ညှင်းဆန်နဲ့ ပြုလုပ်ရပါတယ်။ ကောက်ညှင်းဆန်ကို ရေစိမ်ပြီး ကြိတ်ရပါတယ်။ ရလာတဲ့မုန့်နှစ်ကို ဆား၊ အချိုမုန့်၊ နှမ်းနက်နှင့် နှမ်းဖြူများ ထည့်ပေးရပါတယ်။ ယောက်ချိုဇွန်းတစ်ချောင်းနဲ့ ဖျော်စပ်ထားတဲ့ မုန့်နှစ်အရည်ကိုယူပြီး အဝတ်အုပ်ထားတဲ့ ပေါင်းချောင်အိုးပေါ်မှာ ဝိုင်းချရပါတယ်။ မုန့်သားလေးတွေကျက်အောင် ခဏထားပေးရပါတယ်။ ကျက်ပြီဆိုရင် သစ်သားယောင်းမဇွန်းပြားလေးနဲ့ ထိုးကော်ယူပြီး ရလာတဲ့ မုန့်အဝိုင်းလေးကို သက်ကယ်ပေါ်တင်ပြီး ခြောက်တဲ့အထိ နေပူလှန်းပေးရပါတယ်။ ခြောက်ပြီဆိုမှ ရလာတဲ့မုန့်အချပ်ပြားတွေကို ကင်၍သော်လည်းကောင်း၊ ကြော်၍သော် လည်းကောင်း အရသာထူးကဲစွာ အသင့်စားသုံးနိုင်သော မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေ ရရှိပြီ”ဟု မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေ ပြုလုပ်ရောင်းချသူတစ်ဦးက ပြောကြားသည်။

ဒေသရိုးရာ သရေစာမုန့်တစ်မျိုးဖြစ်သော မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေကို လူငယ်များက အထူးကြိုက်နှစ်သက်ကြပြီး ဆောင်းရာသီကာလအတွင်း ရောင်းအားကောင်းနေကာ မုန်းလေးချပ်လျှင် ကျပ် ၅၀၀ ဖြင့် တစ်ရက်လျှင် ကျပ် ၂၀၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ ရောင်းချရကြောင်း သိရသည်။

နန်းပန်