မိုင်းဆတ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သင်းသပြေခင်က မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူအသိပညာပေး လုပ်ငန်းများနှင့် သတင်းမှတ်တမ်းထုတ်ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်းကြောင့် မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်ခြင်းနှင့် အွန်လိုင်းမှ တဆင့် ပုံပြင်ပြောခြင်းလုပ်ငန်းများဆောင်ရွက်ရာမှာ အဆင်ပြေချောမွေစေရေးနှင့် ကျွမ်းကျင်လျင်မြန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ဗီဒီယိုရိုက်ကူး တည်းဖြတ်မှုဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်မောင်မောင်မှ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ ပေးပို့ခြင်း၊ အသံသွင်းခြင်းနှင့် အသံနှောခြင်းဆိုင်ရာများကို ဝန်ထမ်းများအား လက်တွေ့ပြသကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)