ပုလောမြို့နယ် ၌ ပြည်သူများအား လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်သည့် နည်းလမ်းများ အသိပညာပေး ပိုစတာများ စိုက်ထူ

ပုလော    ဒီဇင်ဘာ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ပြည်သူများကို လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်သည့် နည်းလမ်းများ အသိပညာပေး ပိုစတာများ စိုက်ထူခြင်းကို  ယမန်နေ့ နံနက်(၉)နာရီ အချိန်က ပုလောမြို့နယ်  လျှပ်စစ်မှူး ဦးကိုကို  ဦးစီး၍ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများနှင့် (PTC) ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှု ဝန်ထမ်းများ ပူးပေါင်းပြီး လူစည်ကားရာနေရာများ၌ လမ်းဆုံ၊ လမ်းခွများ၌  စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပိုစတာ တွင်  ပြည်သူများ အနေဖြင့် လျှပ်စစ် ဓာတ်အား အသုံးပြုရာတွင် သိရှိ လိုက်နာရမည့် အချက်များဖြစ်သည့်  မီးပူတိုက်နေစဉ် တစ်ခုခုလုပ်ရန် ခေတ္တထသွားပါက၊ မီးပူခလုတ်ကိုပိတ်ခဲ့ခြင်း ၊ရိုးရိုးမီးလုံး၊ မီးချောင်းထက်  Energy Saving Lamp ကိုရွေးချယ် အသုံးပြုရန်၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ပြည့် ပန်ကာကို ဆက်တိုက်ဖွင့်ထားခြင်း မပြုလုပ်ရန်၊ အမှန် တကယ်ကြည့်မည့် အချိန်၌ သာတီဗွီကိုဖွင့်ပါ၊ ကြည့်သူမရှိဘဲ အချိန်ပြည့်ဖွင့် ထားခြင်းကို မပြုလုပ်ရန်၊ အိမ်အပြင်တွင် ထွန်းထားသော မီးများကို နေ့အလင်းရောင်ရရှိချိန်တွင် မီးပိတ်ထာခြင်းကို ဆောင်ရွက်ရန်စသော လျှပ်စစ်ဓာတ် အားချွေတာသုံးစွဲနိုင်သည့် နည်းလမ်းများ ပါရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)