တနင်္သာရီမြို့နယ်အတွင်း၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစာစစ်ဌာန(၃)ခုတွင်ကျောင်းသူ/သား(၃၃၃)ဦးဖြေဆိုမည်

တနင်္သာရီ ဒီဇင်ဘာလ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၃)ခုမှ အတွင်းဖြေနှင့်ပြင်ပဖြေ ကျောင်းသူ/သား(၃၃၃)ဦးတို့က ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တနင်္သာရီမြို့နယ် အထက-တနင်္သာရီစာစစ်ဌာန ကျောင်းတွင်းဖြေဆိုမှု  အတွဲ(၁)(၁၁၆)ဦး၊ အတွဲ (၇)(၁၁)ဦးနှင့်အတွဲ(၂)(၁၃)ဦး၊  ပြင်ပဖြေဆိုမှု အတွဲ(၁)(၅၀)ဦး၊ အတွဲ(၇) (၂)ဦး၊ အတွဲ(၂)(၈)ဦး ပေါင်း(၂၀၀)ဦး၊ အလားတူ အထက-ညောင်ပင်ကွင်းစာစစ်ဌာန ကျောင်းတွင်းဖြေဆိုမှု အတွဲ(၁) (၄၅)ဦး၊ ပြင်ပဖြေဆိုမှု  အတွဲ(၁) (၁၈)ဦး ပေါင်း(၆၃)ဦး၊  အလားတူ အထက-မော်တုန်း စာစစ် ဌာန ကျောင်းတွင်းဖြေဆိုမှု အတွဲ(၁) (၅၀)ဦး၊ အတွဲ(၇) (၄)ဦး၊ ပြင်ပဖြေဆိုမှု အတွဲ(၁၅)ဦး ပေါင်း (၆၉)ဦးတို့ဖြစ်ကြရာ စာစစ်ဌာန(၃)ခုမှ ကျောင်းသား/သူပေါင်း(၃၃၃)ဦးတို့က ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများအား သက်ဆိုင်ရာစာစစ်ဌာနအလိုက် ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့် လျှောက်ထားကြောင်း၊ ဆက်လက်၍၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်အထိ လျှောက်လွှာများအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း