မိုင်းဖြတ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက နမ့်လောက်ကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဦးသွင်က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများနှင့် စီမံချက်လုပ်ငန်းများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်ဆင်းဆောင်ရွက်ပေးနေမှုနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဦးဦးသွင်နှင့် မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က ဒီဇင်ဘာလ ၁၂ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေကတ်ပြား (၆၇)ကတ်ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်စီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် လုပ်ငန်းစတင်အကောင် အထည်ဖော် ဆောင်ရွက်ပေးသည့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၈၄) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၈၀) စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၁၀၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သန်းထွန်းအေး