သတင်းများ

ပန်ဆိုင်း (ကြူကုတ်) မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ
Dec 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော် ခြင်းမျာကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသ
Dec 17,2021
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်း ပိုစတာ ချိတ်ဆွဲပြသထားခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲဆောင်ရွက်
Dec 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့တွင်ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်
Dec 17,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင် လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိ ပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၆ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ လမ်းဆုံ လမ်းခွနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်းများ ဒေသခံပြည်သူများ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်
Dec 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ အိုမီခရွန်(Omicron) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ Hand Speakerဖြင့် လှည့်လည်နှိုးဆော်ခဲ့ သည်။         
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၅)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 17,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၆၆)ဦး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
လှိုင်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်ပ
Dec 17,2021
ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အ.လ.က (၈)တွင် စာစီစာကုံးပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူး ရုံးတွင် ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။