သတင်းများ

လေးမျက်နှာ မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟုဌာန  Community Centre ခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြည်သူများ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့သည်။ 
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်ပြသ
Dec 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ လုပ်ငန်းညှိနှိုင်းဆွေနွေးပွဲပြုလုပ်
Dec 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် မဒဲအုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး
Dec 17,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဒဲအုပ်စု ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူ များနှင့်ကျောင်း သားကျောင်းသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြု လုပ်ပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံတူဆွဲပြိုင်ပွဲ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်
Dec 17,2021
ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံတူဆွဲပြိုင်ပွဲကို  ယမန်နေ့နေ့လည် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဘောဂလိမြို့၌ ဆောင်းသီးနှံများ စိုက်ပျိုးလျက်ရှိ
Dec 17,2021
၂၀၂၀-၂၀၂၁ခုနှစ် သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာ၊ ဖြတ်လမ်းကူး ကျေးရွာတို့တွင် မိုးသီးနှံများ စိုက်ပျိုးပြီး လယ်ယာမြေများတွင် သီးထပ်အဖြစ် ဆောင်းသီးနှံများ စိုက်ပျိုးလျက် ရှိပါသည်။
နိဗ္ဗာန်ကျွန်းကျေးရွာနှင့် ပဒေသာကျွန်းကျေးရွာမှ ဒေသခံပြည်သူများအတွက် စက်ရေတွင်း(၂)တွင်းနှင့် အုတ်ရေလှောင်ကန်(၂)ကန် တည်ဆောက်လှူဒါန်း
Dec 17,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ နှင့် ပဒေသာကျွန်းကျေးရွာတို့မှ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် စက်ရေတွင်း (၂)တွင်းနှင့် အုတ်ရေလှောင်ကန် (၂)ကန်ကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ပြောသည်။
နမ္မတူမြို့နယ်တွင် စာဖြတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်/စာစောင်များအား စာပေဝါသနာပါသူများ လက်ဝယ်အရောက် ဌားရမ်းပေးခြင်းဆောင်ရွက်
Dec 17,2021
နမ္မတူမြို့နယ်တွင် စာဖြတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်/စာစောင်များအား စာပေဝါသနာပါသူများ လက်ဝယ်အရောက် အခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။