ပန်ဆိုင်း (ကြူကုတ်) မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ

ပန်ဆိုင်း(ကြူကုတ်) မဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော် ခြင်းမျာကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် အတက်နိုင်ဆုံး အိမ်မှာ နေထိုင်ကြရန်၊ မိမိတို့အိမ်သို့ ပြင်ပမှလာသော ဧည့်သည်များကို လက်မခံကြရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှားခေါင်းစည်း Mask စနစ်တကျတပ်ဆင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများ ရှောင်ကျဉ် လိုက်နာဆောင်ရွက်ကြရန်တို့ကို ကျယ်ကျယ် ပြန့်ပြန့် နှိုးဆော်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အိဖြူ(ပန်ဆိုင်း)