“သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသ

မင်းလှ ဒီဇင်ဘာ ၁

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်း ပိုစတာ ချိတ်ဆွဲပြသထားခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် “သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြစို့”၊ “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” စာသားများ ပါဝင်သည့် ဗီနိုင်းပိုစတာကို ချိတ်ဆွဲပြသခဲ့ သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်း များက  “ကာကွယ်ဆေး(၂) ကြိမ်ထိုးနှံပြီးပါက ကျန်းမာပျော်ရွှင်စွာ သင်ကြားသင်ယူနိုင်မှာ ဖြစ်တဲ့အပြင် ပြည်သူလူထုအတွင်းမှာလည်း ကာကွယ်ဆေး လွမ်းခြုံမှု မြင့်မားလာပြီး ရောဂါဖြစ်ပွားမှုကို” စသည့် စာသားများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ