လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်း လမ်း၊ သိပ္ပံပစ္စည်းစက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ အသက် ၁၈ နှစ်အထက် ပြည်သူများအား (ပထမအကြိမ်/ ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံ ခြင်းအား ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်များကို လည်း ထုတ်ပေးကြောင်း သိရသည်။