သုံးခွမြို့နယ်တွင် (အိုမီခရွမ်) omicrom မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအား အိုမီခရွမ် (omicrom) မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီအချိန်က (အိုမီခရွမ်) omicrom မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများအား သိရှိလိုက်နာ ဆောင်ရွက်စေရန် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။