ကွန်ဟိန်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ယင်းနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာသွယ်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲအား ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များ အား အစဉ်အမှတ်ရနေစေရန်၊ ဗဟုသုတများတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)