ကျိုက်လတ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင်ကျောင်းသား ၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက မူလတန်းအဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ရာအခြေခံပညာမူလတန်းကျောင်းက ကျောင်းသား၊ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ဆက်လက်၍ ခါးလှည့်ကွင်းအားကစားပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ရာကျောင်းသားကျောင်းသူများပျော်ရွင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။
ဌေးဌေးလှိုင်