မိုင်းငေါ့မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ (Talk Show) ကျင်းပ

မိုင်းငေါ့ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀) အချိန်က (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်ကဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဌာနမှ အထက်တန်း ပြဆရာမ ဒေါ်ကြည်ဖြူထွန်းက လွတ်လပ်ရေးနေ့၏အဓိပ္ပါယ်၊ ကိုလိုနီကျွန်ဘဝ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပုံ၊ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ရပုံတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

မိုင်းငေါ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရစေရေး Online မှတဆင့် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်းများနှင့် ဆွေးနွေး ပွဲများ၊ ဟောပြောပွဲများ၊ Talk Show အစီအစဉ်များကို  မိုင်းငေါ့ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)