ဆိပ်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ရွံ့စေမြေအုတ်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာသည် ယခင်တည်းက တစ်ပိုင်တစ်နိုင် ရွံ့စေးမြေအုပ် လုပ်ငန်းနှင့် ရာသီပေါ်သီနှံ စိုက်ပျိုးရေးလုပ်ငန်းတို့ကို အဓိကထား စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်ကြပြီး ရွံ့စေးမြေအုတ်လုပ်ငန်းဖြင့် ဒေသခံ ပြည်သူများ၏ မိသားစု နေ့စဉ်ဝင်ငွေ ရရှိနေပြီး အုတ်ပေါက်သူတစ်ဦးလျှင် တစ်နေ့ဝင်ငွေ (၇၀၀၀) ကျပ်ရရှိကာ အုတ်စိ အုတ်စိမ်းသယ် အမျိုးသမီးတစ်ဦးလျှင် (၅၀၀၀) ကျပ်ခန့် ဝင်ငွေရရှိခြင်းကြောင့် ကျေးရွာနေ ပြည်သူများအနေဖြင့် စာဝတ်နေရေး အဆင်ပြေစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွံ့စေးမြေအုတ် ပြုလုပ်ရာတွင် ကုန်ကြမ်းများဖြစ် နုံးတင်ရွံ့စေးမြေ၊ သောင်းသဲ၊ လောင်စာအဖြစ် ဇီးခွဲခြမ်းများနှင့် စပါးခွံများပါဝင်ပြီး အုတ်လုပ်ရန် ရွံ့စေးမြေကို ကန်မြေ၊ ကိုင်းမြေများမှ သယ်ယူစုဆောင်ရပြီး၊ လောင်စာပြုလုပ်ရန် ဇီးခွဲခြမ်းများကို ဇီးခွဲစက်များမှ ချိတ်ဆက်၍ လည်ကောင်း၊ စပါးခွံလောင်စာကို ဆန်စက်ကြီးများနှင့် ချိတ်ဆက်ဝ ယ်ယူရသည်။
ရွံ့စေးမြေအုတ် အစိမ်းပြုလုပ်ရန် ရွံစေးမြေနှင့်သဲတို့ကို စနစ်တကျ ရောစပ်ကာ ရေဖြင့် တစ်နှပ်ထားရပြီး နောက်နေ့နံနက်တွင် ရွံ့စေးအုတ်စိမ်း ပြုလုပ်ရကာ ညီညာသော မြေပြင်တွင် ခုနှစ်ရက်ခန့် နေလှန်းအခြောက်ခံပြီး အုတ်မီးဖုတ်မည့် နေရာသို့စုပုံပြီး အုတ်မီးလိုအပ်သော လောင်စာများ ထည့်သွင်းပြီး အုတ်မီးဖုတ်ရကြောင်း၊ အုတ်စိမ်း မီးဖုတ်ရာတွင်လည်း အုတ်အကျက်ညီစေရန်နှင့် ချော်အုတ်များထွက်ရှိမှု နည်းစေရန် နေ့ည စောင်ကြည့်၍ မီးပြင်းအားစနစ်တကျ ထိန်းညှိပြီး လောင်စာများကို ဖြည့်သွင်းပေးရကာ (၁၀)ခန့် မီးဖုတ်ရကြောင်း အုတ်ကျက် တစ်လုံးလျှင် အထိုင်ဈေး (၇၀)ဖြင့်ရောင်းချရပြီး၊ အရောက်ပို့ စနစ်ဆိုလျှင် ခရီးအကွာအဝေးပေါ်မူတည်၍ ဝန်ဆောင်မှုစရိတ်များ ပိုကျကြောင်း၊ လက်ရှိတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်များကအတွက် ပို့ဆောင်ပေးနေရကြောင်း အုတ်လုပ်ငန်း ဆောင်ရွက်နေသည့် ဦးဝင်းမြင့်က ပြောကြား သိရသည်။
ကိုဇွဲ(အညာမြေ)