သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

သုံးခွ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးသိန်းစိုး၊ မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်းမြင့်တို့က သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာ၊ နို၀င်ဘာ၊ဒီဇင်ဘာ ပထမသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေး ပင်စင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်‌ ထောက်ပံ့ရာ သုံးခွမြို့နယ်အတွင်းရှိ သက်ကြီး အဘိုး(၂၉၈)၊အဘွား(၅၀၄)ဦး၊ စုစုပေါင်းဘိုးဘွား(၈၀၂)ဦးတို့အတွက် ၂၄,၀၆၀,၀၀၀ကျပ်သိန်းကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ‌ပေးအပ်ခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများထံသို့ အိမ်တိုင် ရာ‌ရောက်လိုက်လံ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။