သုံးခွ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအား အိုမီခရွမ် (omicrom) မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီအချိန်က (အိုမီခရွမ်) omicrom မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများအား သိရှိလိုက်နာ ဆောင်ရွက်စေရန် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လိုက်လံနှိုးဆော်ရာတွင်က မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်လမ်းညွှန်ချက်များနှင့် အညီ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် အတွက် (အိုမီခရွမ်)မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ ဆက်ဆံပါက မျက်နှာအကာ (face Shield) ကို တွဲဖက်တပ်ဆင်ရန်၊ သက်ကြီး ရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာ ခြင်း ဂရုပြုရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားလာခြင်းမှ ရှောင်ရှားရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ သွားရောက်ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်၊ သုံးခွ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည့်ကျဆင်း ပပျောက်လာသည်ဖြစ်သည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ ဆက်လက်လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပျက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရ သည်။
စည်သူလင်း ပြန်/ဆက်