သတင်းများ

မြောင်းမြမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြောင်းမြခရိုင် မြန်မာ့စီးပွားရေးဘဏ်သို့ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။
တောင်ပေါ်ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Dec 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ဆေးထိုးစုရပ် နေရာများတွင် တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးခဲ့သည်။         
ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆဌမအသုတ် (ပထမ)အကြိမ် အဖြစ် လူဦးရေ(၅၀၀)ဦးအား စတင်ထိုးနှံ‌ပေးလျက်ရှိ
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁၇) ရက်နေ့တွင် ဆဌမအသုတ်(ပထမ)အကြိမ်အဖြစ် လူဦးရေ (၅၀၀)ဦးအား စတင်ထိုးနှံပေးလျက် ရှိကြောင်း  သိရသည်။
နောင်တရား၌ ဆောင်းသီးနှံ ရွှေပဲသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ အနီးဝန်းကျင်၌ ဆောင်းသီးနှံအဖြစ် ရွှေပဲသီး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက် ရှိသည်။
ဇလွန်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေထုတ်ချေးပေး
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြင်ရွာကျေးရွာအုပ်စုအတွင်းရှိ ပြစ်ဆယ် ၊ ကျုံပတုတ်၊ သရက်ချောင်း ကျေးရွာတို့အား မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးခြင်းအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျုံပတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ သည်။
ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) စတုတ္ထအသုတ် (ဒုတိယ)အကြိမ် စတင်ထိုးနှံ‌ပေးလျက်ရှိ
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁၇) ရက်နေ့ယ‌နေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ စတုတ္ထအသုတ် (ဒုတိယ)အကြိမ်အဖြစ် လူဦးရေ (၁၀၀၀)အား စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Dec 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Dec 17,2021
  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသနေ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ် (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်း လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမ၌ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။