မြန်အောင်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေများထုတ်ချေး
Dec 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်အောင်မြို့နယ် ကွမ်းတောကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည် ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းနှင့် စမ်းရွာကြီးကျေးရွာအုပ်စု သပြေကုန်း+ ဥယျာဥ်ကွင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းတို့ကို ယမန်နေ့ နံနက်က အဆိုပါကျေးရွာများအရောက် ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။