မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်
Dec 18,2021
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဝန်ထမ်းများ၊ ပရဟိတအသင်း အဖွဲ့များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ပရဟိတလူမှုအသင်းအဖွဲ့များ တက်ရောက်ကြသည်။